D4 နှင့် D2 ဝန်ဆောင်မှုများအတွက် စာရွက်စာတမ်းပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ တာဝန်ယူခြင်း - Notary, MOFA တုံးရသည် အထိ တာဝန်ယူပေးသည် (Notary+MOFA တစ်စုံ) Seal Booking service လိုချင်လျှင် ထပ်မံလျှောက်ထားရမည် (ကုမ္ပဏီဘက်မှလည်း ယူပေးမည်ဖြစ်ပြီး အပြင် service လည်းထပ်မံအပ်ပေးပါမည်၊ ကုမ္ပဏီမှ ယူပေးသော seal booking ရရှိသွားလျှင် ထပ်မံပေးချေစရာမလိုပါ၊ အခြား service အပ်ပြီး ရရှိသွားပါက - ငွေကျပ် ၁၀ သိန်းအထက် ဝန်ဆောင်ခပေးရပါက - ကုမ္ပဏီဘက်မှ ၃ သိန်း ဝန်ဆောင်ခကို ပေးချေပေးပါမည် ငွေကျပ် ၁၀ သိန်းအောက် ဝန်ဆောင်ခ ပေးရပါက - ကုမ္ပဏီဘက်မှ ၂ သိန်း ဝန်ဆောင်ခကို ပေးချေပေးပါမည် documents များ ကိုရီးယားသံရုံး seal ထုသည့် တန်ဖိုးကို ကျောင်းသားဘက်က ပေးချေရန် ဖြစ်သည် visa application fee မပါဝင်ပါ။ (60 ဒေါ်လာ) အင်တာဗျူးလေ့ကျင့်ခြင်း - ကျောင်းလျှောက်လွှာတင်ပြီး အင်တာဗျူးဝင်ချိန်မတိုင်မီ အင်တာဗျူးအစမ်းလေ့ကျင့်ခြင်း တစ်ကြိမ် ပြုလုပ်ပေးပါမည်။ အင်တာဗျူး Training Online Class - ကျောင်းလျှောက်ကာလနှင့် ကျောင်းလျှောက်ပြီးကာလများတွင် You and Korea Founder ကိုယ်တိုင်သင်ကြားထားသော အင်တာဗျူး training class recorded lesson များကို အခမဲ့သင်ယူခွင့်ရရှိမည်။ learn.youandkorea.com အသုံးပြုခွင့် - You and Korea ၏ သင်ကြားရေး ပလက်ဖောင်းဖြစ်သော learn.youandkorea.com website ရှိ သင်တန်းအချို့ (သတ်မှတ်ထားသော သင်တန်းအချို့ကို) အခမဲ့ တက်ရောက်ခွင့်ရမည်။ စကားပြန်ဝန်ဆောင်မှု - အချို့တက္ကသိုလ်များသည် အင်တာဗျူးတွင် စကားပြန်အသုံးပြုခွင့်ပေးလျှင် ကျောင်းသားဘက်မှ စကားပြန်အသုံးပြုရန် ကုမ္ပဏီကို တောင်းဆိုနိုင်သည်။ (စကားပြန်ဝန်ဆောင်မှုသည် တစ်ကြိမ်လျှင် မြန်မာကျပ်ငွေ ၅၀၀၀၀ ဖြစ်သည်။) ဗီဇာလျှောက်ထားပေးခြင်း - သံရုံးသို့သွားရောက် လျှောက်ထားရာတွင် ကျောင်းသားနှင့်အတူ ကုမ္ပဏီဘက်မှ စာရွက်စာတမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှ အတူတကွ လိုက်လံ၍ စာရွက်စာတမ်းများ ကူညီစစ်ထားပေးမည်။ ကိုရီးယားသို့လာရောက်ချိန်တွင် - လေဆိပ်သို့လာကြိုပေးခြင်း၊ တက်ရောက်ရမည့် တက္ကသိုလ်အထိ လိုက်ပို့ပေးခြင်း စသည့် ဝန်ဆောင်မှုများရှိသည် (သို့သော် ကျောင်းသားဘက်မှ မိမိအတွက် မိမိ အများသုံး ကား၊ ရထား စီးနင်းခများကို ပေးဆောင်ရန်လိုအပ်သည်၊ လာရောက်ကြိုဆိုပေးမည့် ဝန်ထမ်းကို ပေးရန်မလို) - ကုမ္ပဏီဘက်ကို အကူအညီတောင်းလျှင် ကုမ္ပဏီဘက်မှ စီစဥ်ပေးပါမည်။ မိမိအစီအစဉ်ဖြင့် လာရောက်ကြိုဆိုပေးမည့်သူရှိပါက ကုမ္ပဏီကို အသိပေးနိုင်ပါသည်။ တက္ကစီနှင့် ပတ်သက်သော မူဝါဒ - ကျောင်းသားသည် တက်ရောက်ရမည့် တက္ကသိုလ်ကို အငှားကားဖြင့် သွားချင်သည်၊ တက္ကစီဖြင့် သွားချင်သည် စသည့် တောင်းဆိုမှုများရှိလာပါက (အငှားကားအတွက် ငှားရမ်းခကို မိမိဘာသာ ပေးဆောင်ရန်ဖြစ်ပြီး မီတာ ၅၀၀၀ ထက်မပိုသော တက္ကစီ စီးနင်းခကို ကုမ္ပဏီဘက်မှ တစ်ဝက်စိုက်ထုတ်ရှင်းပေးမည်ဖြစ်သည်) အိမ်ငှားရမ်းခြင်း - ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးမှ စကားပြန်အဖြစ်လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပြီး အခကြေးငွေ တစ်စုံတစ်ရာ ပေးရန်မလိုပါ။ အိမ်စပေါ်၊ အိမ်လခ စသည်တို့ကို မည်ရွေ့မည်မျှ သုံးမည် ဤ ဆုံးဖြတ်ချက်ကို ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ပါ။ အိမ်ငှားရန် စကားပြန်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးသော ကျောင်းသားသည် အိမ်ငှားစာချုပ်ချုပ်ခြင်း ကိစ္စပြီးဆုံးပြီးနောက် ထိုအိမ်/အခန်းနှင့် ပတ်သက်၍ တာဝန်ခံစရာ မလိုပါ။ ARC Registration - ကျောင်းသား ကိုရီးယားနိုင်ငံကို ရောက်ပြီး တစ်လအကြာတွင် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်ရန် လ.ဝ.က ရုံး (သို့မဟုတ်) မြို့နယ်ရုံးများသို့ သွားရောက်ရန်လိုအပ်ပါက ကုမ္ပဏီဘက်မှ ဝန်ထမ်းတစ်ဦးမှ လိုက်လံ ပို့ဆောင်ပေးမည်။ ထိုအတွက် အခကြေးငွေ တစ်စုံတစ်ရာ ထပ်မံပေးရန် မလို။ အထွေထွေ ခံစားခွင့်များ - ဖုန်းကဒ်ကို မြန်မာနိုင်ငံမှာကတည်းက ကျောင်းသားသုံးလို့ရအောင် ကုမ္ပဏီဘက်မှ စီစဥ်ပေးလိုက်ပါမည်။ ထို့အပြင် ကိုရီးယားကို ရောက်ရောက်ချင်းသုံးနိုင်အောင် Toss အမည်ရ ဘဏ်ကဒ်ကို ကုမ္ပဏီဘက်မှ လက်ဆောင်ပေးလိုက်ပါမည်။ ထို့ပြင် ထိုကဒ်ထဲတွင် ဝမ် ၅၀၀၀ ကျပ် ထည့်သွင်းထားသည်ဖြစ်ရာ ကိုရီးယားမြေကို ခြေချသည်နှင့် ချက်ချင်း ရထား/ကား စီးနင်းရာတွင်အသုံးပြုနိုင်မည်ဖြစ်သည်။