ကိုရီးယားအစိုးရပညာသင်ဆု (GKS) GKS ရဲ့ အရှည်ကတော့ Global Korea Scholarship လို့ခေါ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ နိုင်ငံတကာကျောင်းသားတွေကို ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်အပြင် ကျန်းမာရေးအာမခံ၊ လေယာဥ်လက်မှတ်အထိ ထောက်ပံ့တဲ့ ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးသော ပညာသင်ဆုလည်းဖြစ်ပါတယ်။ အကြမ်းဖျင်း ၂ မျိုးရှိတယ် GKS-U = Undergraduate တက္ကသိုလ်ဝင်တန်း (၁၀ တန်း သို့မဟုတ် ၁၂ တန်း) အောင်မြင်ပြီး အသက် ၂၅ နှစ်အောက်များလျှောက်နိုင် GKS-G = Graduate ဘွဲ့တစ်ခုရထားပြီး ဘွဲ့လွန်ဆက်တက်ချင်သူ အသက် ၄၀ အောက်များ လျှောက်ထားနိုင် လျှောက်နည်း ၂ မျိုးရှိတယ် Embassy Track - မြန်မာမှာရှိတဲ့ ကိုရီးယားသံရုံးကို တိုက်ရိုက်လျှောက်လွှာတင်ရတာ University Track - ကိုရီးယားက တက္ကသိုလ်ကို စာရွက်စာတမ်းတွေ လေယာဥ်နဲ့ပို့ပြီး လျှောက်ရတာ ဘယ်ကျောင်းမဆိုလက်ခံလားဆိုတဲ့မေးခွန်း No ပါ၊ ကိုရီးယားအစိုးရက သတ်မှတ်ပြီးသား ကျောင်းတွေရှိပါတယ်၊ အဲဒီထဲက ကိုယ်က ပြန်ရွေးရတာပါ။ TOPIK မလျှောက်ရင် လျှောက်ထားလို့ရလား? GKS ရခဲ့ရင် ကိုရီးယားဘာသာစကား (Language Program) 1 year တစ်နှစ်သင်ပေးတဲ့ အစီအစဥ်ရှိပါတယ်၊ ဒါကြောင့် TOPIK မရှိတဲ့ ကျောင်းသားလည်း လျှောက်ထားနိုင်တယ်လို့ ကိုရီးယားပညာရေးဝန်ကြီးဌာနက အတိအလင်းကြေငြာပြီးသားပါ။ သို့သော် TOPIK ရှိရင်တော့ မရှိတဲ့သူထက် တစ်ပန်းသာပါမယ်၊ ဒါကတော့ ခြွင်းချက်ပါ ကိုယ်က ကျောင်းစာကို လန်ပြန်နေအောင်တော်ရင်တော့ TOPIK မရှိလည်း အရွေးခံကိုခံရပါတယ်။ သက်သေများ 2022 GKS UIC ကျတော်ရခဲ့တုန်းက ကျတော့်မှာ TOPIK မရှိပါ ကျတော်နဲ့ အတူတူရခဲ့တဲ့ သူငယ်ချင်း ၄ ယောက် TOPIK မရှိပါ 2026 GKS U: You and Korea မှ လျှောက်ပေးလိုက်တဲ့ ကျောင်းသား TOPIK မရှိပါ။ လျှောက်ဖို့ဘာတွေလိုလဲ? 1. တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် 2. အထက်တန်း ၃ နှစ်စာ သို့မဟုတ် ၂ နှစ်စာ အမှတ်စာရင်းများ 3. CGPA စာရွက် (ဒါကြီးကဘာမှန်းမသိလို့စိတ်ပူနေလား? You and Korea Telegram (@thwin3) ကိုသာ hi လိုက်ပါ CGPA စစ်ချင်တယ်လို့ပြောလိုက်ပါ) 4. မိမိမှတ်ပုံတင် 5. မိဘ ၂ ပါးမှတ်ပုံတင် 6. သန်းခေါင်စာရင်း 7. ပတ်စပို့ 8. ဆုရခဲ့ဖူးရင် certificate များ 9. Personal Statement 10. Study Plan 11. Application Form 12. Recommendation Letter 13. Personal Medical Assessment 14. GKS Applicant Agreement နံပါတ် ၉ ကနေ ၁၄ အထိက ဘာကြီးတွေလဲလို့ စိတ်ထဲကနေတွေးနေမိလား? You and Korea မှာ အဖြေရှိပြီးသားပါ။ အခုပဲ You and Korea Telegram (https://t.me/thwin3) သို့မဟုတ် Facebook Page Messenger ကနေ GKS လို့စာပို့လိုက်ပါ။ မသိတာမှန်သမျှသိသွားအောင်ရှင်းပြပေးပါမယ်။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ #youandkorea #uandkorea #gks